You are here
Home > Business News > စားသုံးဆီအတုရောင်းချမှုကို ပြင်းထန်စွာအရေးယူမည်ဟု ၀န်ကြီးပြော

စားသုံးဆီအတုရောင်းချမှုကို ပြင်းထန်စွာအရေးယူမည်ဟု ၀န်ကြီးပြော

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆီအတုများရောင်းချနေမှုကို ယခုလမှစတင်၍ ပြင်းထန်စွာ အရေးယူသွားမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးကျော်ဝင်းက ပြောသည်။
အစိုးရအနေဖြင့် ပြည်သူများ၏ လုံခြုံစိတ်ချမှုကို ဦးတည်ဆောင်ရွက်နေခြင်းကြောင့် ရိုးသားဖြောင့်မတ်သော ကုန်ရောင်းဝယ်မှုကို ဆောင်ရွက်ရန်လိုကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း ရိုးသားဖြောင့်မတ်သော ကုန်သွယ်မှုကို ရွေးချယ်စားသုံးရန် လိုအပ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ “ရာနှုန်းပြည့် ပံဆီသန့်ဆိုပြီး အခြားဆီနဲ့ ရောပြီးရောင်းချတာတွေ ဆီအတုတွေ၊ ပြန်ကြော်ဆီတွေ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အရေးယူသွားမှာပါ။ ရောဆီဆိုရင်လည်း ဘယ်နှစ်ရာခိုင်နှုန်းရောထားတယ်ဆိုတာကို ဖော်ပြထားဖို့ လိုပါတယ်။ ပြည်သူက ကြိုက်ရင် ၀ယ်မှာပါ။ ရာနှုန်းပြည့်ပဲဆီသန့်လို့ ပြောပြီး အခြားဆီတွေကို ရောချင်တိုင်းရောထားတာ မရိုးသား၊ မဖြောင့်မတ်တဲ့ သဘောပါ။ ပြည်သူမလုံခြုံရင် ကျွန်တော်တို့ အစိုးရအနေနဲ့လည်း အလကားပဲဖြစ်မှာပါ။ တာဝန်ပေးတဲ့အနေနဲ့ ပြည်သူ စိတ်ချလုံခြုံအောင် ရှင်းရှင်းလင်းလင်းနဲ့ လျင်လျင်မြန်မြန်ဆောင် ရွက်သွားမယ်” ဟု ၀န်ကြီးက ပြောသည်။

Leave a Reply

Top