You are here
Home > International News > Yahoo ၏ အင်တာနက်ဝန်ဆောင်မှု အစိတ်အပိုင်းကို ဒေါ်လာသန်း ၃၅၀ လျှော့ပြီး Verizon ကုမ္ပဏီ ၀ယ်ယူတော့မည့်

Yahoo ၏ အင်တာနက်ဝန်ဆောင်မှု အစိတ်အပိုင်းကို ဒေါ်လာသန်း ၃၅၀ လျှော့ပြီး Verizon ကုမ္ပဏီ ၀ယ်ယူတော့မည့်

အမေရိကန် အခြေစိုက်ဆက်သွယ်ရေးကုမ္ပဏီ Verizon အနေဖြင့် မူလသဘောတူညီထားသည့် တန်ဖိုးထက် ဒေါ်လာသန်း ၃၅၀ လျော့နည်းပြီး Yahoo ကုမ္ပဏီ၏ အင်တာနက်ဝန်ဆောင်မှုအပိုင်းကို ၀ယ်ယူတော့မည်ဖြစ်ကြောင်းသိရသည်။
Yahoo အနေဖြင့် ပြီးခဲ့သော နှစ်အတွင်းက ဆိုက်ဘာတိုက်ခိုက်မှု ၂ ကြိမ်ကြုံတွေ့ခဲ့ရပြီး နောက် အင်တာနက်ဝန်ဆောင်မှုအစိတ်အပိုင်းကို ရောင်းချမည့် အစီအစဉ်ရွှေ့ဆိုင်းခဲ့ရပြီး ယခုအခါ စုစုပေါင်းတန်ဖိုးဒေါ်လာ ၄.၄၈ ဘီလီယံဖြင့် အပြီးသတ်ရောင်းချနိုင်တော့မည်ဖြစ် သည်။ Verizon ကုမ္ပဏီသည် ပြီးခဲ့သော ၂၀၁၅ ခုနှစ်အတွင်းက မီဒီယာ ကုမ္ပဏီတစ်ခုဖြစ် သော AOL ကို ဒေါ်လာ ၄.၄ သန်းဖြင့် ၀ယ်ယူလိုက်ပြီး Yahoo ကုမ္ပဏီ၏ အင်တာနက်ရှာဖွေ ရေး၊ အီးမေးလ်၊ မက်ဆင်ဂျာနှင့် အခြားကြော်ငြာဝန်ဆောင်မှုနည်းပညာများကို ပေါင်းစပ်သွား ရန် စီစဉ်နေခြင်းဖြစ်သည်။
Verizon သည် အမေရိကန်တယ်လီကွန်းဈေးကွက်သာမက အခြားပြင်ပဈေးကွက်များ တွင်လည်း မိုဘိုင်း ဗီဒီယိုနှင့် ကြော်ငြာကဏ္ဍကို ၀င်ငွေရှာဖွေရေး ရင်းမြစ်သစ်တစ်ခုအဖြစ် ပြောင်းလဲဖန်တီးရန် အလိုရှိနေကြောင်းလည်း ဘီဘီစီမှဖော်ပြသွာဲး့သည်။ Yahoo ကုမ္ပဏီသည် ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်များတွင် ဆိုက်ဘာတိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရပြီး User ဘီလီယံနှင့် ချီ၍ထိခိုက်ခဲ့ရသည်။ ယခုဝယ်ယူမှုတွင် တရုတ်ကုမ္ပဏီ Alibaba ပိုင်ဆိုင်သော Yahoo ရှယ်ယာများ ပါဝင်မည်မဟုတ်ပေ။

Leave a Reply

Top