You are here
Home > International News > အာရှအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအဆင့်၌ ရှန်ဟိုင်းမြို့ ထိပ်ဆုံးမှ ရပ်တည်

အာရှအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအဆင့်၌ ရှန်ဟိုင်းမြို့ ထိပ်ဆုံးမှ ရပ်တည်

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း အာရှပစိဖိတ်ဒေသအိမ်ခြံမြေ ဆိုင်ရာရင်းနှီးမြှုပ်နှံမှု အဆင့်သတ်မှတ်ချက်တွင် တရုတ်နိုင်ငံ၏ရှန်ဟိုင်းမြို့က ထိပ်ဆုံး၌ရပ်တည်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရှန်ဟိုင်းမြို့သည် ကမ္ဘာလုံးဆိုင်ရာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအဆင့်သတ်မှတ် ချက်တွင်လည်း နယူးယော့ခ်၊ လန်ဒန်၊ လော့အိန်ဂျလိစ်နှင့် ပဲရစ်မြို့တို့၏နောက် အဆင့် ၅ နေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း China Money Network ၀က်ဘ်ဆိုက်မှဖော်ပြသွားခဲ့သည်။ China Money Network သည် အိမ်ခြံမြေဆိုင်ရာအတိုင်ပင်ကုမ္ပဏီ Jones Lang Lasalle မှ စာရင်းဇယားနှင့် အချက်အလက်များ ရယူ၍ ဖော်ပြခဲ့ခြင်းလည်းဖြစ်သည်။ ရှန်ဟိုင်းမြို့၏ အင်အားကောင်းမွန်သော အိမ်ခြံမြေ ဈေးကွက်လှုပ်ရှားမှုများနောက်ကွယ်တွင် အမေရိကန်ဒေါ်လာ ၂.၉၁ ဘီလီယံတန်ဖိုးရှိသော Century Link အိမ်ခြံမြေ၀ယ်ယူမှုတစ်ခုလည်း ပါဝင်ခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်း အာရှပစိဖိတ်ဒေသ၏ အကြီးမားဆုံးအိမ်ခြံမြေအရောင်းအ၀ယ်တစ်ခုလည်းဖြစ်ခဲ့သည်။
ရှန်ဟိုင်းမြို့တွင် အိမ်ခြံမြေအရောင်းအ၀ယ်နှင့်ပတ်သက်ပြီး ဈေးကွက် ဝေစုနှင့် လှုရှားမှု အများဆုံးပြုလုပ်ထားသော အိမ်ခြံမြေများမှာ Jinqiao Life Hub နှင့် SCPG Holdings ကုမ္ပဏီ ပိုင်ဆိုင်သော အိမ်ခြံမြေများ ဖြစ်ကြသည်။

Leave a Reply

Top