You are here
Home > Travel > ရန်ကုန်မြို့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီခံချက် ရေးဆွဲနေဟုဆို

ရန်ကုန်မြို့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီခံချက် ရေးဆွဲနေဟုဆို

မြန်မာနိုင်ငံတစ်ငံလုံး ခရီးသွားလုပ်ငန်း တိုးတက်ရေး Master Plan ရေးဆွဲထားပြီး ဖြစ်သော်လည်း ရန်ကုန်မြို့အတွက် သီးသန့် Master Plan မရှိသေးခြင်းကြောင့် ရန်ကုန်မြို့ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် Yangon Tourisn Master Plan တစ်ရပ်ရေးဆွဲနေသည်ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအင်း (UMTA) ဥက္ကဌ ဦးသက်လွင်တိုးက ပြောသည်။
ရန်ကုန်မြို့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ပြင်သစ်သံရုံးပူးပေါင်းဆောင်ရွက်ခဲ့ သော ၀ါးရုပ်သေးနှစ်ရုပ်ဖြင့် လှည့်လည်ဖျော်ခြေခဲ့သည့် မင်္ဂလာအစီအစဉ်နှင့် ဗြိတိသျှသံရုံးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော My Yangon, My Home, Night Life ညဈေးတန်း အစီအစဉ်များကိုလည်း ရန်ကုန်မြို့ခရီးသွား မြှင့်တင်ရေးအစီအစဉ်များအဖြစ် တိုင်းဒေသကြီး အစိုးရမှ စီစဉ်ဆောင်ရွက်ခဲ့သည်ဟု ရန်ကုန်တိုင်းရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ကိစ္စရပ်များ ကို ကိုင်တွယ်ဆောင်ရွက်နေသော ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ နော်ပန်းသဉ္ဇာမျိုးက ပြောသည်။ “ရန်ကုန်တိုင်းအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်ပြီး တည်းခိုရေး ကိစ္စရပ်များနဲ့ ပတ်သက်သည့် နည်းဥပဒေရေးဆွဲခြင်း၊ ရန်ကုန်ဆိပ်ကမ်းမှာရှိတဲ့ ရှေးဟောင်း ဂိုထောင်တွေကို အနုပညာနဲ့ ပတ်သက်တဲ့နေရာအဖြစ် ပြောင်းလဲခြင်းနဲ့ ရန်ကုန်မြို့တွင်းမှာ ရှိတဲ့ ကျေးလက်ဒေသအချို့ကို ရပ်ရွာအခြေခံခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်ခြင်း စတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်”ဟု ၎င်းက ပြောသည်။

Leave a Reply

Top