You are here
Home > Business News > ထပ်မံခွင့်ပြုမည့် စက်သုံးဆီအရောင်းဆိုင်ပေါင်း ၆၀၀ ကျော်ရှိဟုဆို

ထပ်မံခွင့်ပြုမည့် စက်သုံးဆီအရောင်းဆိုင်ပေါင်း ၆၀၀ ကျော်ရှိဟုဆို

နိုင်ငံတစ်ဝန်း၌ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်ပေါင်း ၂၀၀၀ ကျော်ရှိကြောင်းနှင့် အသစ်ထပ်မံဖွင့်လှစ်ခွင့်ပြုရန်ရှိသော စက်သုံးဆီအရောင်းဆိုင်ပေါင်း ၆၀၀ ခန့်ရှိသည်ဟု လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းထုတ်လုပ်ရေးရောင်းချရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
နိုင်ငံအတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချမှုကို ပုဂ္ဂလိကသို့ စတင်လွှဲပြောင်းလုပ်ကိုင်စေသည့် ၂၀၁၁ ခုနှစ်တွင် စက်သုံးဆီအရောင်းဆိုင် ၂၆၁ ဆိုင်သာ ရှိသော်လည်း ၆ နှစ်ကျော် ကာလအတွင်း ထောင်နှင့်တိုးတက်လာရာတွင် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၌ စက်သုံးဆီအရောင်းဆိုင်ပေါင်း ၂၀၆၅ ဆိုင်ရှိလာပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ “စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်မှုကို ရန်ကုန်တိုင်းကလွဲရင် အခြားတိုင်းနဲ့ ပြည်နယ်တွေက လျှောက်ထားမှု အတော်များများကို ဌာနကစိစစ်ပြီး မြန်မြန်ဆန်ဆန်ဖွင့်လှစ် ခွင့်ပြုနေပါတယ်။ လက်ရှိ စက်သုံးဆီလိုအပ်ချက်နဲ့ အရောင်းဆိုင်အရေအတွက်က ကျွန်တော်တို့ နိုင်ငံမှာ မလုံလောက်သေးတဲ့အတွက် များများဖွင့်လှစ်နိုင်အောင် အားပေးတဲ့ သဘောဖြစ်ပါတယ်။ ထပ်လျှောက်ထားတဲ့ဆိုင် ၆၀၀ ကျော်ကိုလည်း စိစစ်ပြီးခွင့်ပြုပေးမှာ ဖြစ် ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top