You are here
Home > Business News > ဝေးလံသော ဒေသများအတွက် ကျန်းမာရေး အသုံးစရိတ် ထောက်ပံ့မည်

ဝေးလံသော ဒေသများအတွက် ကျန်းမာရေး အသုံးစရိတ် ထောက်ပံ့မည်

လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၌ ကျန်းမာရေး အသုံးစရိတ် ကျပ်ဘီလီယံ ၁၀၀၀ သတ်မှတ်ထားပြီး ယင်း အသုံးစရိတ်မှ ဝေးလံခေါင်ဖျားသော ဒေသများနှင့် ခက်ခဲသော ဒေသ များတွင် ကျန်းမာရေးထောက်ပံ့မှု အစီအစဉ်များပြုလုပ်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၌ ကျန်းမာရေး အသုံးစရိတ် ကျပ် ၈၅၀ ဘီလီယံ ရရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ်ဘီလီယံ ၁၀၀၀ ကျော် ရရှိမည်ဖြစ်ခြင်းကြောင့် ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများကို ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “စနစ်တကျနဲ့ အကျိုးရှိသုံးစွဲဖို့ ရေးဆွဲထားပါတယ်။ ဆေးရုံမှာ သုံးတဲ့ ပစ္စည်းတွေကိုလည်း ထပ်ပြီးလိုအပ်သလို အဆင့်မြှင့်တင်တာတို့၊ အသစ်ဝယ်ယူတာတို့ ဖြည့်တင်းတာတွေ လုပ်ဆောင်သွားမှာပါ။ အဓိကကတော့ ဝေးံတဲ့ဒေသတွေ၊ ခက်ခဲ့တဲ့ ဒေသတွေကို ကျန်းမာရေး ၀န်ဆောင်မှု ပေးမယ့် အစီအစဉ်တွေ ပါပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top