You are here
Home > Car News > ယာဉ်အိုဟောင်းစလစ် တင်သွင်းမှုကို ကြိုတင်ခွန်ကောက်ခံမည်

ယာဉ်အိုဟောင်းစလစ် တင်သွင်းမှုကို ကြိုတင်ခွန်ကောက်ခံမည်

ယာဉ်အိုဟောင်း အပ်နှံမှုစလစ်ဖြင့် ကြိုတင် ၀င်ငွေခွန်ကောက်ခံမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ကြေညာ ချက်များအရ သိရသည်။

ယာဉ်အိုယာဉ်ဟောင်း အပ်နှဥည့် ပြေစာဖြင့် တင်သွင်းခွင့်ပြုသည့် ကားများ၏ ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ချက်မြင့်တက်လာခြင်း၊ တန်ဖိုးကြီး မော်ဒယ်မြင့်ကားများသာ တင်သွင်းနိုင်ခြင်း၊ ယာဉ်အိုဟောင်းစလစ်ျြဖင့် တင်သွင်းမည့်ကားများကို ကြိုတင်ဝင်ငွေခွန် ကောက်ခံမည်ဖြစ်ခြင်းကြောင့် ပြည်တွင်းကားဈေးနှုန်း မြင့်တက်လာနိုင်သည်ဟု ကားဝယ် ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။ “ဧပြီလမတိုင်ခင်မှာ 1800 CC အင်ဂျင်ကားတွေ ဈေးထိုးတက်နိုင်တယ်။ အရင်တုန်းက အဲဒီကားတွေအခွန်လွတ်တယ်။ အခုတော့ အခွန်မလွတ်တော့ဘူးဆိုတော့ ဧပြီလမတိုင်ခင်မှာ သိန်း ၅၀ ကနေ ၇၀ လောက်အထိ ဈေးနှုန်းမြင့်တက်လာနိုင်တယ်။ စလစ်ဈေးလည်း ကျပ် ၁၁၅ သိန်းလောက် ဖြစ်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top