You are here
Home > International News > ဗီဒီယိုဖိုင်များကို ရုပ်မြင်သံကြားစက်ဖြင့် လွှဲပြောင်းကြည့်ရှုနိုင်မည့် Apps Facebook မကြာမီ မိတ်ဆက်မည်

ဗီဒီယိုဖိုင်များကို ရုပ်မြင်သံကြားစက်ဖြင့် လွှဲပြောင်းကြည့်ရှုနိုင်မည့် Apps Facebook မကြာမီ မိတ်ဆက်မည်

လူမှုရေးဝက်ဘ်ဆိုက် Facebook အနေဖြင့် YouTube ကဲ့သို့ ဗီဒီယို Streaming ၀က်ဘ်ဆိုက်များကို ကျော်ဖြတ်အနိင်ယူရန်ရည်ရွက်ချက်ဖြင့် ဗီဒီယို Apps တစ်ခုကို ဖန်တီး အကောင်အထည်ဖော်နေပြီး မကြာမီတွင် မိတ်ဆက်ကြေညာသွားမည်ဖြစ်ကြောင်း ဘီဘီစီ သတင်းတစ်ရပ်၌ဖော်ပြခဲ့သည်။

Facebook တာဝန်ရှိသူများ၏ အဆိုအရ Apple TV ၊ Amazon ၏ Fire TV နှင့် Samsung ၏ Smart  TV အသုံးပြုသူများအနေဖြင့် Facebook တွင် တက်နေသော ဗီဒီယိုဖိုင် များအား ၎င်းတို့၏ ရုပ်မြင်သံကြားမျက်နှာပြင်ပေါ်သို့ Apps သစ်ကို အသုံးပြုကာ ပြောင်းရွှေ့ ကြည့်ရှုနိုင်မည်ဟု သိရသည်။ Facebook အနေဖြင့် ဗီဒီယိုဝန်ဆောင်မှုနယ်ပယ်တွင် ပိုမိုအား စိုက်လာခဲ့ပြီး မကြာသေးခင်ကလည်း အွန်လိုင်းဗီဒီယို ဖန်တီးသူများအတွက် Premium Video Content၊ Facebook Live Feature တို့ကို ပေးအပ်ခဲ့သလို ယခုအခါလည်း အရေးပါသော ခြေလှမ်းတစ်ရပ်အဖြစ် TV Apps သစ်ကိုစတင်အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

Facebook ၏ TV Apps သစ်နှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ကောင်းသောအချက်မှာ Netflix နှင့် Hulu ဗီဒီယိုဝန်ဆောင်မှုများကဲ့သို့ အခကြေးငွေ ကောက်ခံခြင်းနှင့် ကြော်ငြာဝင်ငွေများ ပြန်လည်ရရှိမည့်အစီအစဉ်များပါ ထည့်သွင်းထားခြင်းဖြစ်သည်။ ယင်း Apps နှင့် အတူ ပိုမို ကောင်းမွန်သော Facebook Video Feature များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Top