You are here
Home > 2017 > March

ပုဂ္ဂလိက ဘဏ်များအား နိုင်ငံခြားငွေချေးခွင့်ပြုမည်ဟု ၀န်ကြီးပြော

ပုဂ္ဂလိက ဘဏ်များအနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအား နိုင်ငံခြားငွေ ထုတ်ချေးနိုင်ရန် ဗဟိုဘဏ်မှ စီစဉ်နေသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မတ်လ ၁၃ ရက်နေ့တွင် စီးပွားရေးလုပ်ငန်းရှင်များအား ပြောကြားခဲ့သည်။ လက်ရှိတွင် ပုဂ္ဂလိက ဘဏ်များအနေဖြင့် ကျပ်ငွေကိုသာ ထုတ်ချေးရန် ခွင့်ပြုထားသော်လည်း နိုင်ငံခြားငွေထုတ်ချေးရန်အတွက် ဗဟိုဘဏ်မှ စီစဉ်နေကြောင်း၊ ပုဂ္ဂလိက ဘဏ်များအနေဖြင့် နိုင်ငံခြားငွေချေးရန် ခွင့်ပြုပါက ဘဏ်များတွင် နိုင်ငံခြားငွေလုံလောက်စွာရှိရန် လိုအပ်ကြောင်း၊ ပုဂ္ဂလိက ဘဏ်များအနေဖြင့် အပ်ငွေစု ဆောင်းမှုအပေါ် မူတည်ပြီး ချေးငွေများ ပြန်ထုတ်ချေးနေရခြင်းကြောင့် ဒေါ်လာအပ်ငွေရရှိရန် လိုအပ်ကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ပြောသည်။ “ပုဂ္ဂလိကဘဏ်တွေကနေ ဒေါ်လာချေးယူခွင့်ကို ဗဟိုဘဏ်က ခွင့်ပြုပေးဖို့ စီစဉ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ပြည်တွင်းဘဏ်တွေက ဒေါ်လာငွေချေးလို့ရမယ်ဆိုရင် သွင်းကုန်လုပ်ငန်းတွေအတွက်

YBPC ရှယ်ယာ အမြတ်ခွဲဝေနိုင်ခြင်းမရှိသေးဟုဆို

ရန်ကုန်ဘတ်စ်ကားအများပိုင် ကုမ္ပဏီ(YBPC) အနေဖြင့် ပြေးဆွဲကာလတစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း ရှယ်ယာရှင်များကို အမြတ်များခွဲဝေပေးနိုင်ခြင်းမရှိသေးကြောင်း ဒေါက်တာမောင်အောင်က ပြောသည်။ ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီကို ၂၀ဩ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် လုပ်ငန်းစတင်လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း၊ ရန်ကုန်မြို့ ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းကို အဆင့်မြှင့်တင်ရန် အပေါ့များ အမြန်ဘတ်စ်ကားစနစ် (BRT Lite)ကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး စုစုပေါင်းကျပ် ၂၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထားကြောင်း၊ အများပြည်သူများသို့ ရှယ်ယာလက်မှတ် ၅ ဘီလီယံရောင်းချရန် မျှေ်မှန်းထားခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ရောင်းချခဲ့ကြောင်း၊ ရှယ်ယာတစ်ခုလျှင် ကျပ်တစ်သိန်း သတ်မှတ်ထားပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရိလကုန်အထိ ရှယ်ယာလက်မှတ် ၂.၄ ဘီလီယံရောင်းချခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ “ရှယ်ယာနှစ်ကြိမ်ထုတ်ရောင်းရာမှာ

ပုဂံယဉ်ကျေးမှုဇုန်ရှိ သဗ္ဗညုဘုရားပြင်ဆင်ရန် တရုတ်နိုင်ငံမှ အဆိုပြုထားဟုဆို

၂၀၁၆ ခုနှစ်၌ သြဂုတ်လ၌ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဇုန်နယ်မြေအတွင်းရှိ ဘုရားများအနက် သဗ္ဗညုဘုရားကို ပြင်ဆင်ခွင့်ရ ရန် တရုတ်နိုင်ငံမှ အဆိုပြုထားသည်ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီး ဌာန၊ ပုဂံဌာနခွဲမှာ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်က ပြောသည်။ တရုတ်နိုင်ငံမှ သဗ္ဗညုဘုရားကို ပြင်ဆင်ခွင့်ပေးရန် တောင်းဆိုမှုကို မြန်မာအစိုးရမှ လက်ခံပါက နှစ်နိုင်ငံယဉ်ကျေးမှုဌာနအချင်းချင်း ပြင်ဆင်ခွင့် သဘောတူမှု စာချွန်လွှာကို လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အဆိုပါယင်းဘုရားကို UNESCO မှ ပညာရှင် များ၏ အကူအညီဖြင့် အရေးပေါ်ထိန်းသိမ်းဆောင်ရွက်မှုများ လုပ်ဆောင်နေသည်ဟု ၎င်းက ပြောသည်။ “တရုတ်နိုင်ငံဘက်က ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ သဗ္ဗညုဘုရားကို ပြင်ဆင်ဖို့ တောင်းဆိုထားပါတယ်။

မြိတ်ကျွန်းစုသို့ ရွက်လှေဖြင့် လာရောက်လည်ပတ်သော ပြည်ပဧည့်သည်များပြားလာ

မြိတ်ကျွန်းစုဒေသသို့ ပြီးခဲ့သည့် ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလအတွင်း စက်တပ်ရွက်လှေဖြင့် လာရောက်လည်ပတ်သော နိုင်ငံခြားသားဧည်သည် ၁၄၀၀ ခန့်ရှိခဲ့ပြီး ယမန်နှစ်ကထက် ပိုမိုမြင့်တက်လာသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောသည်။ ပြီးခဲ့သည့်နှစ်၌ မြိတ်ကျွန်းစုဒေသသို့ စက်တပ်ရွက်လှေဖြင့် လာရောက်လည်ပတ်သော ခရီးသည် ၄၇၀ ရှိခဲ့ပြီး ခရီးသည် ၃၉၆၀ ဦး ၀င်ရောက်ခဲ့ကြောင်း၊ ယခုနှစ်၏ နှစ်လအတွင်း စက်တင်ရွက်လှေခရီးစဉ် ၁၆၆ ခုဖြင့် ခရီးသည် ၁၃၉၇ ဦး လာရောက်လည်ပတ်ခဲ့ကြောင်း၊ မြိတ်ကျွန်းစု၌ ခွင့်ပြုထားသော ကျွန်းများတွင် နိုင်ငံခြားခရီးသည်များအနေဖြင့် အပန်းဖြေခြင်း၊ ငါးမျှားခြင်း၊ ရေအောက်ရှုခင်းများ ကြည့်ရှုခြင်း၊ ရေကူးခြင်း၊ ဆလုံတိုင်းရင်းသားများ၏ ဘ၀ကို လေ့လာခြင်း စသည်တို့ကို

ပုဂံဒေသလမ်းပြမြေပုံ ထုတ်ဝေမည်

ပုဂံရှေးစောင်းယဉ်ကျေးမှုဇုန်သို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များ အဆင်ပြေစေရန်အတွက် ပုဂံ ဒေသဇုန် တစ်ခုလုံးကို လွှမ်းခြံနိုင်မည့် လမ်းပြမြေပုံထုတ်ဝေရန် စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။ ပုဂံဒေသလမ်းပြမြေပုံထုတ်ရန်အတွက် လက်ရှိတွင် ကွင်းဆင်းလေ့လာနေပြီး ယင်းလမ်းပြမြေပုံ၌ ရှုခင်းကြည့်နိုင်မည့်နေရာများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက် များကို လက်ကမ်းစာစောင်များ ထုတ်ဝေသွားမည်ဟု ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ပုဂံဒေသဖွံ့ဖြိုးတိုးတက်ရေး လက်ထောက်စီမံ ချက်တာဝန်ခံ ဒေါ်ယုယုလင်းက ပြောသည်။ “လမ်းပြမြေပုံထုတ်ဖို့အတွက် အခု ကွင်းဆင်းပြီး တော့ လေ့လာဆောင်ရွက်နေပါတယ်။ လမ်းပြမြေပုံမှာ မြစ်ကမ်းဘေးက ရှုခင်းအလှတွေကို ထိုင်ကြည့်လို့ရမယ့် နေရာတွေလည်း ပါ ပါတယ်။ ရိုးရာလက်မှုလုပ်ငန်းတွေကို တွေ့နိုင်တဲ့ ကျေးရွာတွေကိုလည်း ညွှန်ပြထားပါတယ်။ ပုဂံယဉ်ကျေးမှုဇုန်အတွင်းမှာလည်း ဘုရားပေါ် တက်စရာမလိုဘဲ ရှုခင်းတွေကိုကြည့်လို့ရမယ့်နေရာတွေကို ထည့်သွင်းမှာပါ”

တစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၂၃၀ ခန့် ၀င်ရောက်

နိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ၂၀၁၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဇန်နာဝါရီလကုန်အထိ ဒေါ်လာ ၆၉၅၃၆.၃၇၀ သန်းဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီတစ်လတည်း တွင် ဒေါ်လာ ၂၂၉.၀၀၃ သန်းခန့် ၀င်ရောက်ခဲ့ခြင်းကြောင့် ယခု ဘဏ္ဍာရေးနှစ်၏ လက်ရှိနိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုပမာ စုစုပေါင်းသည် ဒေါ်လာ ၆၉၆၇၆၅.၄၀၃ သန်းခန့်ရှိနေသည်ဟု ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာရင်းများအရ သိရသည်။ ၁၉၈၈-၁၉၈၉ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၏ ဖေဖော်ဝါရီလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၆၉ ဘီလီယံကျော် ခွင့်ပြုထားရာတွင် တရုတ်နိုင်ငံမှ ပမာဏအများဆုံး ၀င်ရောက်ရင်းနှီးမြှုပ်နှံထားပြီး စင်္ကာပူနိုင်ငံမှ ဒုတိယအများဆုံး ၀င်ရောက် ရင်းနှီးမြှုပ်နှံထားကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ

အာရှဒေသအတွင်း နေထိုင်ရန်အသင့်တော်ဆုံး စာရင်းတွင် စင်္ကာပူထိပ်ဆုံး၌ရပ်တည်

စင်္ကာပူနိုင်ငံသည် ကမ္ဘာလှည့်နေထိုင်သူများနှင့် ဇာတိနိုင်ငံများကို စွန့်ခွာလာခဲ့သူများ အတွက် အခြေချနေထိုင်ရန် အာရှတိုက်အတွင်းအသင့်တော်ဆုံးမြို့ဖြစ်ကြောင်း အမေရိကန်အခြေစိုက် လူ့စွမ်းအားအရင်းအမြစ်အတိုင်ပင်ခံအဖွဲ့အစည်း Mercer မှ ပြုလုပ်သော စစ်တမ်းတွင်ဖော်ပြသွားခဲ့သည်။ Mercer အဖွဲ့၏ ၁၉ ကြိမ်မြောက်နှစ်ပတ်လည် လူမှုဘ၀နေထိုင်မှု အဆင့်အတန်းဆိုင်ရာ စစ်တမ်းတွင် အာရှဒေသအတွက် စင်ကာပူနိုင်ငံက ထိပ်ဆုံးအဆင့်တွင် ရပ်တည်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ရပ်တည်မှုတွင် အဆင့် ၂၅ နေရာတွင် ရှိနေခဲ့သည်။ စင်ကာပူ၏နောက်တွင် တိုကျို၊ ကိုဘီ၊ ယိုကိုဟားမားနှင့် အိုဆာကာမြို့များက အစဉ်လိုက်ရပ်တည်ခဲ့ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်မှု ၄၇၊ ၅၀၊ ၅၁ နှင့် ၆၀ အသီးသီးရှိ ကြောင်း သိရသည်။ Mercer မှ ပြုလုပ်သော စစ်တမ်းတွင် ကမ္ဘာ့အဆင့်ထိပ်ဆုံး၌ ရပ်တည်ခဲ့

ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိနိုင်

မြန်မာ့ရေလုပ်ငန်းမှ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ယခင် ဘဏ္ဍာရေးနှစ်ကထက် တင်ပို့မှုတန်ချိန်နှင့် နိုင်ငံခြားဝင်ငွေ ပိုများနိုင်သည်ဟု ရန်ကုန်တိုင်း ဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၌ မတ်လ ၁၄ ရက်နေ့တွင် ကျင်းပခဲ့သော ငါးလုပ်ငန်းဆိုင်ရာ အပတ်စဉ်အစည်းအဝေးမှ သိရသည်။ ယခုဘဏ္ဍာရေးနှစ် ဖေဖော်ဝါရီလအထိ မြန်မာ့ရေလုပ်ငန်းမှ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း မက်ထရစ်တန်ချိန် ၃၉ သိန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး ပြည်ပ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရရှိထားပြီး ဖြစ်ခြင်းကြောင့် ယခု ဘဏ္ဍာရေးနှစ်ကုန် ဧပြီလ၌ အမေရိကန်ဒေါ်လာ သန်း ၅၆၀ ရရှိရန် မျှော်မှန်းထားကြောင်း မြန်မာ့ရေလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ယခု ဘဏ္ဍာရေးနှစ်ပြီးဆုံးသွားရင် နောင်နှစ်အတွက် ကာလတို မွေးမြူနိုင်မယ့်

မြန်မာ့ပန်းချီကားများကို နိုင်ငံခြားသားများ ၀ယ်ယူမှု ပိုများလာ

မြန်မာပန်းချီဆရာများရေးဆွဲပြသသော ပန်းချီကားများကို နိုင်ငံအတွင်းမှ ၀ယ်ယူစု ဆောင်းမှုများထက် နိုင်ငံခြားသားခရီးသွားဧည့်သည်များနှင့် သံရုံးများမှ ၀ယ်ယူမှု ပိုမိုများပြားသည်ဟု ရန်ကုန်မြို့ခံ ပန်းချီဆရာများထံမှ သိရသည်။ ယခု ၂၀၁၇ ခုနှစ်အတွင်း စုပေါင်းပန်းချီပြပွဲများနှင့် တစ်ကိုယ်တော်ပန်းချီပြပွဲများကို ရန်ကုန်မြို့တွင်း ကျင်းပပြုလုပ်မှုများပြားလာရာတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များနှင့် သံရုံးများမှ မြန်မာ့ယဉ်ကျေးမှု ရုံးရာဓလေ့များကို ဖော်ကျူးရေး ဆွဲထားသော ပန်းချီကားများကို ပိုမိုရောင်းချရကြောင်း ပန်းချီဆရာတစ်ဦးက ပြောသည်။ “နိုင်ငံခြားသားတွေ အနေနဲ့ မြန်မာ့ယဉ်ကျေးမှုကို သရုပ်ဖော်တဲ့ မြန်မာ့ရိုးရာအက၊ ဘုရားစေတီနဲ့ တီထွင်ဆန်းသစ်မှုတွေ ပြုလုပ်ထားတဲ့ ပန်းချီကားတွေကို ပိုမိုဝယ်ယူ စုဆောင်းလာကြတယ်။ နိုင်ငံခြားသားတွေက ပန်းချီကားကို ၀ယ်ယူရာမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမှုရှိတဲ့အပြင် အွန်လိင်းကနေငွေချေပြီး သံရုံးကနေတစ်ဆင့် ၀ယ်ယူမှုတွေလည်း ပြုလုပ်ကြပါတယ်” ဟု ၎င်းက

နွေသီးနှံစိုက်ပျိုးရေးအတါက် ကျပ် ၄.၂ ဘီလီယံ အသုံးပြုမည်ဟုဝန်ကြီးပြော

မန္တလေးတိုင်းဒေသကြီးအတွင်း နွေသီးနှံများ စိုက်ပျိုးမှုအတွက် ပြည်ထောင်စုရန်ပုံငွေမှ ကျပ် ၄.၂ ဘီလီယံ အသုံးပြုသွားမည်ဟု မန္တလေးတိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ၀န်ကြီး ဒေါက်တာ စိုးသန်းက ပြောသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း နွေသီးနှံစိုက်ပျိုးရာတွင် ဆည်မြောင်းများကို အားကိုး အားထားပြု၍ စိုက်ပျိုးလုက်ပိုင်ရခြင်းကြောင့် ဆည်မြောင်းများမှ စိုက်ပျိုးရေလုံလောက်စွာရရှိ ရေးအတွက် ဆည်မြောင်းများပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရေရှားပါး သည့် ဒေသများတွင်စက်မရေတွင်းများ တူးဖော်လျက်ရှိကြောင်း ၎င်းက ပြောသည်။ “နွေရာသီစိုက်ပျိုးရေ ရရှိဖို့အတွက် ပြည်ထောင်စုသီးသန့်ရန်ပုံငွေက ချထားပေးတဲ့ ကျပ် ၄.၂ ဘီလီယံကို အကုန်အကျခံပြီး ဆည်မြောင်းတွေကနေ ရေရရှိအောင် ဆောင်ရွက်သွားမှာပါ။ မြောင်းပြင်ခြင်းလုပ်ငန်းအချို့တော့ ပြီးစီးနေပါပြီ။ စက်ရေတွင်းပေါင်း ၉၀၀ တူးဖော်နေတဲ့ လုပ်ငန်းကလည်း ၇၀ ရာခိုင်နှုန်းလောက်

Top