• Post PDF
  • Post Per Property
  • Language:
  • Welcome, Guest
  • Golden Hexagon Security Service
    security@ghgroup.com
    01-514591, 514884

    your Adv Here ( 200 x 100 )
    admin@shwesathtagan.com
    ဂျာနယ်အမှတ်စဉ်များရွေးချယ်ရန်

    အိမ်ခြံမြေ အကျိုးဆောင် များပြောသော အိမ်ခြံမြေဈေးကွက်

    ရွှေဆဌဂံ ဂျာနယ်

    အိမ်ခြံမြေ အကျိုးဆောင်များပြောသော အိမ်ခြံမြေဈေးကွက်

    အိမ်ခြံမြေ အကျိုးဆောင် များပြောသော အိမ်ခြံမြေဈေးကွက်

    အိမ်ခြံမြေ အကျိုးဆောင် များပြောသော အိမ်ခြံမြေဈေးကွက်

     

    ဦးသန်းဦး ( မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း )
    *** မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင် ***

    ဧပြီလကုန်ပိုင်း အထိဈေးကွက်သွက်စရာ အကြောင်းမရှိပါဘူး။ အငှားဈေးကွက်ရှိပေမယ့် အရောင်းအ၀ယ်ဈေးကွက်ကတော့ အဆင်သင့်မဖြစ်သေးပါဘူး။ မတ်လထဲမှာ ဖြစ်ခဲ့တဲ့ မငြိမ်မသက်မှုတွေရဲ့ အငွေ့အသက်တွေကြောင့် အိမ်ခြံမြေမှာသာ မကပဲ စီးပွားရေးကဏ္ဍတစ်ခုလုံးကို ရိုက်ခတ်ခဲ့တဲ့အတွက် ဈေးကွက်အေးနေပါတယ်။ အဲဒီ မငြိမ်သက်မှုတွေကြောင့် ပြည်ပလုပ်ငန်းရှင်တွေကို မျက်နှာသာပေးထားတဲ့ရင်းနှီးမြှုပ်နှံမှု ဥပဒေထုတ်ပေးထားတာတောင် သိသိသာသာ ၀င်ရောက်လာခြင်းမရှိသေးပါဘူး။ ခြုံငုံပြီးသုံးသပ်ရမယ်ဆိုရင်တော့ အခြားစီးပွားရေးလုပ်ငန်းတွေလိုပဲ မြန်မာ့အိမ်ခြံမြေဈေးကွက်လည်း သိသာထင်ရှားစွာကောင်းလာခြင်း မရှိသေးဘူးလို့ဆိုရမှာပါ။

    ————————————————————————–

    ဒေါ်မို့မို့အောင် ( မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း )
    *** ၀င်းရွှေဝါအိမ်ခြံမြေအကျိုးဆောင် ***

    သင်္ကြန်ပြီးသွားပေမယ့် အိမ်ခြံမြေဈေးကွက်က နည်းနည်းငြိမ်သက်နေပါတယ်။ မေလဆန်းမှာတော့ ဈေးကွက်ပြန်လှုပ်ရှားလာမယ်လို့ထင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းနေသေးတဲ့အတွက် ဈေးနှုန်းသိပ်မကွာဟ လောက်ပါဘူး။ အခုဈေးကွက်အခြေအနေက အရင်ကလိုမဟုတ်တော့ပါဘူး။ ကား၊ ဒေါ်လာ၊ ရွှေ၊ အိမ်ခြံမြေ ဆိုပြီး စီးပွားရေးလုပ်ငန်းတွေ ခွဲပြီးလုပ်ကြပေမယ့် အခုအခြေအနေကအားလုံးကိုရောထွေးပြီးလုပ်ကိုင်လာကြတာတွေ့ရတယ်။ ရွှေဈေးကျနေတဲ့ အချိန်မှာအိမ်ခြံမြေ ဈေးကွက်ကို ရင်းနှီးမြှုပ်နှံချင်ကြပါတယ်။ ကမ္ဘာ့ရွှေဈေးကျနေတဲ့အချိန်မှာ သင်္ကြန်ဖြစ်ပြီး ရုံးတွေပိတ်နေလို့ မြန်မာ့အိမ်ခြံမြေဈေးကွက်အပေါ် အကျိုးသက်ရောက်မှုမရှိပါဘူး။ ရွှေဈေးနူန်းဆက်ပြီးကျဆင်းလာမယ်ဆိုရင်တော့ အိမ်ခြံမြေဈေးကွက်က လှုပ်လှုပ်ရှားရှားဖြစ်လာနိုင်ပါတယ်။

    —————————————————————————-

    ဦးအောင်မြင့် ( မန်နေးဂျင်း ဒါရိုက်တာ )
    *** အောင်သမာဓိ အိမ်ခြံမြေ အကျိုးဆောင် ***

    သင်္ကြန်ရက်အပြီး လေးငါးရက်အထိ ဈေးကွက်အေးနေပါတယ်။ လကုန်ပိုင်းကနေ ၀ါမ၀င်ခင်အထိတော့ ရောင်းဝယ်ငှားအလုပ်ဖြစ်မှာပါ။ သင်္ကြန်အပြီးကာလဖြစ်ပေမယ့် အိမ်ခြံမြေ ရောင်းဝယ်ငှားဈေးနှုန်းတွေ အတက်အကျမရှိနိုင်ပါဘူး။ လုံးချင်းမြေဈေးနူန်းတွေကတော့ သူ့တန်ကြေးနဲ့သူဈေးရနေပြီ ဖြစ်လို့ ထပ်မတက်နိုင်တော့ဘူးလို့ ယူဆရပါတယ်။ ကွန်ဒိုတိုက်ခန်းအငှားဈေးကွက်မှာတော့ ဈေးနှုန်းအနည်းငယ်မြင့်တက်လာနိုင်ပါတယ်။

    ————————————————————————-

    ကိုသန့်စင်စိုး ( မန်နေဂျာ )
    *** ဟိုးဟိုးကျော်အိမ်ခြံမြေ အကျိုးဆောင် ***

    သင်္ကြန်အပြီးကာလ ဖြစ်ပေမယ့် နိုင်ငံရေး၊ စီးပွားရေး အခြေအနေသိပ်ပြီးမထူးခြားသေးတဲ့အတွက် ရန်ကုန်အိမ်ခြံမြေဈေးကွက်လည်း သိပ်ပြီးထူးခြားလာမှာ မဟုတ်ပါဘူး။
    ဒါပေမယ့် သီလ၀ါဘက်မှာ ဂျပန်ကစီမံကိန်းလုပ်ငန်းတွေ ၀င်မယ်ဆိုတော့ အဲဒီဘက်မှာဈေးနှုန်းအနည်းငယ်အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ ရန်ကုန်အိမ်ခြံမြေရောင်းဝယ်ငှားဈေးကွက်ကတော့ ပုံမှန် တက်ရိုးတက်စဉ်အတိုင်းပဲ တက်နိုင်ပါတယ်။

    ——————————————————————————

    မအိသက်လျာ ( မန်နေဂျာ )
    *** လက်တွဲဖော် အိမ်ခြံမြေ အကျိုးဆောင် ***

    ပြည်ပလုပ်ငန်းရှင်တွေဝင်လာရင် ဈေးပိုရနိုင်မလားဆိုတဲ့ အမြင်နဲ့ဈေးတင်ပြီး ခေါ်နေမယ်ဆိုရင် အခုလိုသင်္ကြန်ကာလာနှောင်းပိုင်းတွေမှာ အရောင်းအ၀ယ်အေးနေဦးမှာပဲ။ သင်္ကြန်အပြီးကာလမှာကားဈေးကွက်သွက်လာတဲ့အတွက် အငှားဈေးကွက် အနည်းငယ်မြင့်တက်လာနိုင်ပါတယ်။

    —————————————————————————

    ဦးချို ( အထွေထွေမန်နေဂျာ )
    *** မိုးလွင်( မိဘမေတ္တာ) ***

    သင်္ကြန်ပြီးလို့ ရုံးပြန်ဖွင့်ထားတာပဲရှိပါတယ်။ ဧပြီနောက်ဆုံးအပတ်အထိ ဈေးကွက်အေးနေပါဦးမယ်။ ဈေးကွက်ထဲမှာဝယ်လက်မဆင်းပေမယ့်ဈေးမကျသေးပါဘူး။ သင်္ကြန်မတိုင်ခင်ရော၊ သင်္ကြန်အပြီးကာလတွေမှာပါ အငှားဈေးကွက်နဲ့ ရုံးစားရိတ်ကြေအောင်လုပ်ဆောင်နေရပါတယ်။ မေလဆန်းပိုင်းကနေစပြီး ၀ါဝင်နေတဲ့အထိရန်ကုန်အိမ်ခြံမြေရောင်းဝယ်ငှားဈေးကွက်တစ်ခုလုံး ကောင်းလာမယ်လို့ပဲသုံးသပ်ထားပါတယ်။ အရောင်းအ၀ယ်ဈေးကွက်ကောင်းလာဖို့ကလည်းရောင်းခွန်ဝယ်ခွန်ပြုပြင်ပေးမပေးပေါ်မှာလည်း မူတည်နေပါတယ်။ အခွန်နှုန်းထားလျော်ပေးဖို့တောင်းဆိုထားပေမယ့်လည်းသေသေချာချာတွေ့ဆုံဆွေးနွေးမှုမျိုးတော့ မရှိသေးပါဘူး။

    —————————————————————————-

    ကိုမင်းနိုင် ( ကြယ်စင်လင်းအိမ်ခြံမြေ )
    *** အကျိုးဆောင်လုပ်ငန်း ***

    သင်္ကြန်ပြီးသွားပေမယ့်လည်း အိမ်ခြံမြေဈေးကွက်ကအလုပ်မဖြစ်သေးပါဘူး။
    မေလဆန်းပိုင်းမှာစပြီး အလုပ်ဖြစ်မယ်လို့ပဲထင်ပါတယ်။ အိမ်ခြံမြေဈေးကွက်တင်မကပါဘူး၊ အခြားစီးပွားရေးလုပ်ငန်းတွေလည်း မေလထဲမှာပဲစပြီး ကောင်းလာမယ်လို့ထင်ပါတယ်။ မေလကနေ ၀ါမ၀င်ခင်အထိတော့ အိမ်ခြံမြေ လုပ်ငန်းတွေမြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာမှာပါ။

    ——————————————————————————-

    ကိုမောင်မောင်ကြီး
    *** Excellent အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ***

    အိမ်ခြံမြေ ဈေးကွက်ကောင်းမကောင်းဆိုတာ သင်္ကြန်အပြီးကာလနဲ့တော့ သိပ်မဆိုင်ပါဘူး။ နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေကို အကဲခတ်ပြီး အရောင်းအ၀ယ်လုပ်ကြတာဖြစ်လို့ ပုံမှန်ထက်တော့ဈေးကွက်မပိုနိုင်သေးပါဘူး။ မြို့နယ်စွန်ဈေးကွက်ပိုင်းမှာတော့ မြောက်ဒဂုံကဈေးကွက်အကောင်းဆုံးဖြစ်နေတယ်။ သင်္ကြန်အပြီးဈေးကွက်ရဲ့ဈေးနှုန်း အကျဘက်တော့ မရှိနိုင်ပါဘူး။ လက်ရှိအခြေအနေမှာတော့ တက်ရိပ်ပြနေပါတယ်။

    ——————————————————————————

    ဦးမင်းသူစိုး
    *** Lucky Joint အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ***

    အိမ်ခြံမြေဈေးကွက် အခြေအနေကတော့ ဧပြီလကုန်ပိုင်းနဲ့ မေလဆန်းပိုင်းလောက်မှာ စတင်ပြီး လုပ်ငန်းတွေကောင်းလာမှာပါ။ အဲဒီအချိန်ကျမှ ပြောင်းရွှေ့မယ့်သူတွေကြောင့်ဈေးကွက်လှုပ်ရှားလာမှာပါ။
    အရောင်းအ၀ယ်ပိုင်းကတော့ စောင့်ကြည့်ရဦးမှာပါ။ ဈေးနှုန်းဘက်ပိုင်းမှာတော့ အရောင်းဈေးတွေတင်ခေါ်နေပေမယ့် တကယ်တမ်းအရောင်းအ၀ယ်ဆိုင်တဲ့အခါမှာတော့ ညှိနှိုင်းပြီး ရောင်းဝယ်နေရပါတယ်။ ရောင်းဈေးကို ညှိနှိုင်းပြီး သတ်မှတ်နေရတဲ့သဘောမှာရှိပါတယ်။ အခုအချိန်က အငှားဈေးကွက်ကောင်းတဲ့ အချိန်အခါဖြစ်လို့ ဈေးနည်းနည်းပိုခေါ်လာနိုင်ပါတယ်။

    • collaboration-1_contentfullwidth

    Category : စီးပွားရေးသတင်း &သတင်း &အိမ်ခြံမြေသတင်း &အမေးအဖြေ &ပြည်တွင်းသတင်း

    Leave a Reply

    PDF posts : 4

    News : 115

    Property : 27

    Total : 176

    Total View Count
    Free Counter

    Tags

    Ford Jones Lang Lasalle Lucky Joint MD ဦးတေဇနှင့်တွေဆုံခြင်း Taxi ကမ္ဘာ့စီးပွားရေးဖိုရမ ကိုရီးယားဘဏ် ရင်းနှီးမြှုပ်နှံလို စင်္ကာပူ စင်ကာပူ စားဝတ်နေမှုအဆင်ပြေရန် တက္ကစီ တန်ဖိုးနည်းအိမ်ယာစီမံကိန်း တရားဝင်ပယ်ဖျက်မည် ထိုင်းနိုင်ငံ၏ အဆင်မြင့်ဇိမ်ခံတိုက်ခန်းများနှင့် ဘန်ကောက် မထသဗဟို လက်အောက်သို့ မန္တလေး မန္တလေးမြို့ အိမ်ခြံမြေဈေးကွက် ရန်ကုန် လှည်းတန်းခုံးကျော်တံတား အကျိုးဆောင် အင်္ဂလန်နိုင်ငံမှ လာရောက အစီး ၅၀၀ ခန့် အရောင်းအ၀ယ်ဖြစ် အတုခိုးသင့်ကြောင်း အလှည့်ကျ ဥက္ကဌရာထူး အိတ်ဖွင့်တင်ဒါခေါ်ယူ အိမ် ခြံ မြေ အိမ်ခြံမြေ အိမ်ခြံမြေ အီးယူနှင့်မြန်မာ ဆက်ဆံရေး အမေရိကန် အွန်လိုင်းမှ မြေယာလျှောက်ထား ဦးအောင်နိုင်ဦး ဥရောပသမဂ္ဂ ကူညီမည် မေတ္တာရပ်ခံခဲ့ မော်တော်ယာဉ်ပေါ်လစီ လျှောက်လွှာခေါ်ယူ မြန်မာ မြန်မာ့စီးပွားရေးလမ်းညွှန မြန်မာ့အများစု စိတ်ဝင်စားသော မြန်မာနိုင်ငံဖွံ့ရေးအကူအညီ မြန်မာနိုင်ငံတွင် QQ Taxi များ ထုတ်လုပ်ရန် နိုင်ငံသားလုပ်ငန်းရှင်များ နိုင်ငံအချင်းချင်းကုန်သွယ်ရေး နိုင်ငံခြားငွေ လဲလှယ်ရေးကောင်တာများ

    Need Help?

    Contact to admin@shwesathtagan.com or read frequently ask question here

    Send to Friend

    Email Agent