Language:
  • Welcome, Guest
  • Submit Per Property Submit PDF
    ဂျာနယ်အမှတ်စဉ်များရွေးချယ်ရန်

    အိမ်ခြံမြေလိမ်လည်မှုကြောင့် ဒေလီမြို့မှသားဖနှစ်ဦးကို အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီးထား

    Gipsy Lay

     

    အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ သားအဖနှစ်ဦးကို အိမ်ခြံမြေလိမ်လည်ရောင်းချမှုနှင့်ပတ်သက်ပြီး ဖမ်းဆီး အရေးယူထားကြောင်း သတင်းတစ်ရပ်၌ဖော်ပြသွားခဲ့သည်။

    နယူးဒေလီရဲတပ်ဖွဲ့၏အဆိုအရ အဆိုပါသားဖနှစ်ဦးသည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံမှ ရူပီးငွေအ မြောက်အများကိုရယူခဲ့ပြီး အပြန်အလှန်အားဖြင့် Rajouri Garden အရပ်မှ တိုက်ခန်းတစ်ခုပြန်လည်ပေးအပ် မည်ဟု ကတိပေးခဲ့သည်။ ထို့အပြင် အဆိုပါတိုက်ခန်းလွှဲပြောင်းပိုင်ဆိုင်မှုအတွက် အတုပြုလုပ်ထားသောချက် လက်မှတ်တစ်စောင်ကိုလည်း ပေးအပ်ခဲ့သေးကြောင်းသိရသည်။လိမ်လည်ခံရသည့် စီးပွားရေးလုပ်ငန်းရှင်မှာ  ပရကပ်ဆိုသူဖြစ်ပြီး ၎င်း၏ချက်လက်မှတ်မှာ ဘဏ်မှတရားဝင်အ တည်ပြုချက်ရေးထိုးမထားကြောင်း စစ်ဆေး တွေ့ရှိရပြီးနောက် ရဲတပ်ဖွဲ့သို့ သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ တိုက်ခန်းလိမ်လည်ရောင်းချသူများမှာ ကိုင် လက်ရှ်နာဂူတာနှင့် ၎င်း၏သားဖြစ်သူဆစ်ဒဟတ်ဂူတာတို့ဖြစ်ပြီး ဆွေမျိုးတစ်ဦးဖြစ်သူ နီတင်မဂ္ဂါဝယ်လည်း ပူး ပေါင်းကြံစည်ခဲ့ကြောင်းသိရသည်။ ၎င်းတို့ ၃ ဦးကိုရဲတပ်ဖွဲ့မှဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခဲ့ရာတွင် ယခုအမှုသာမ ကယခင်ကလည်း အမျိုးသမီးတစ်ဦးကို အိမ်ခြံမြေလိမ်လည်ရောင်းချခဲ့ဖူးကြောင်း ထွက်ဆိုသွားခဲ့သေးသည်။

     

    Category : သတင်း &နိုင်ငံတကာသတင်း

    Leave a Reply

    PDF posts : 5

    News : 686

    Property : 57

    Total : 778

    Total View Count
    Free Counter

    Need Help?

    Contact to admin@shwesathtagan.com or read frequently ask question here

    Send to Friend

    Email Agent