Language:
  • Welcome, Guest
  • Submit Per Property Submit PDF
    ဂျာနယ်အမှတ်စဉ်များရွေးချယ်ရန်

    အိမ်ခြံမြေကိုအပိုင်မ၀ယ်ယူဘဲ ဌားရမ်းနေထိုင်တော့မည်ဟုသာ အိုင်ယာလန်အစိုးရတာဝန်ရှိသူဆို

    Gipsy Lay

    အိုင်ယာလန်အစိုးရ၏အိမ်ခြံမြေဆိုင်ရာ အတိုင်ပင်ခံအရာရှိချုပ်ဖြစ်သူ ကော်နာစကီဟန်က၎င်းအနေဖြင့် လက်ကျန်ဘ၀သက်တမ်း တစ်လျှောက်တွင် အိမ်ခြံမြေကို အပိုင်ဝယ်ယူ၍နေထိုင်တော့မည်မဟုတ်ဘဲ ဌားရမ်းနေထိုင်မည်ဟုသာ အတည်ပြုပြောကြားသွားခဲ့သည်။မစ္စတာစကီဟန်သည် ၂၀၁၀ ခုနှစ်ကဖွဲ့စည်းခဲ့သော အိုင်ယာလန်အစိုးရ၏အိမ်ခြံမြေဆိုင်ရာ အတိုင်ပင်ခံအေဂျင်စီတွင်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၎င်းကနိုင်ငံအတွင်းရှိ အိမ်ခြံမြေဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုကိုပြစ်တင်ပြောကြားလိုက်ခြင်းဖြစ်သည်။၎င်းက`လက်ရှိအိုင်ယာလန်နိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ဟာအငှားဈေးကွက်နဲ့ အရောင်းဈေးကွက်ကြားလုံးဝဆက်စပ်ခြင်းမရှိပါဘူးအရောင်းဈေးကွက်ဟာ အများစုမတတ်နိုင်တဲ့ဈေးနှုန်းနဲ့ မြင့်မားနေပါတယ်။ကျွန်တော်ကတော့ လက်ကျန်သက်တမ်းတစ်လျှောက်မှာ အိမ်ခြံမြေကိုလုံး၀၀ယ်ယူတော့မှာမဟုတ်ပါဘူး။တစ်သက်လုံးငှားရမ်းပြီးတော့သာ နေထိုင်သွားမှာပါ´ဟုပြောကြားခဲ့ခြင်းဖြစ်သည်။သို့ရာတွင် အိုင်ယာလန်၏ အိမ်ခြံမြေအငှား ဈေးနှုန်းများမှာလည်း ယခုနှစ်အတွင်း သိသိသာသာမြင့်တက်လာခဲ့ပြီး ပျှမ်းမျှအားဖြင့် ၁၄ ရာခိုင်နှုန်းထိမြင့်တက်သွားခဲ့ကြောင်း သတင်းတစ်ရပ်၌ဖော်ပြခဲ့သည်။

    Category : သတင်း &နိုင်ငံတကာသတင်း

    Leave a Reply

    PDF posts : 5

    News : 710

    Property : 57

    Total : 802

    Total View Count
    Free Counter

    Need Help?

    Contact to admin@shwesathtagan.com or read frequently ask question here

    Send to Friend

    Email Agent