Real Estate News

အိမ်ခြံမြေနှင့် လူ့အသုံးအဆောင်ပစ္စည်းပြပွဲ ကျင်းပမည်

လူအများစိတ်ဝင်စားနေသော တန်ဖိုးနည်းတိုက်ခန်းများ အပါအ၀င် အဆင့်မြင့်ကွန်ဒိုတိုက်ခန်းများ အထိ ပါဝင်ပြသမည်ဖြစ်သော အိမ်ခြံမြေနှင့် လူ့အသုံးအဆောင်ပစ္စည်းများပြပွဲ (House and Lifestyle Expo 2017) ကို ဇွန်လ ၂၃ ရက်နေ့မှ ဇွန်လ ၂၅ ရက်နေ့အထိ ရန်ကုန်မြို့ရှိ MCC ခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း

တတိယအကြိမ်မြောက် မြန်မာ့အိမ်ခြံမြေဆုပေးပွဲ ကျင်းပမည်

မြန်မာနိုင်ငံအတွင်း တတိယအကြိမ်မြောက် မြန်မာ့အိမ်ခြံမြေဆုပေးပွဲကို အာရှအိမ်ခြံ မြေဆောက်လုပ်ရေးဆိုင်ရာ ဆုပေးပွဲများ ကျင်းပလျက်ရှိသော Property Guru မှ ကြီးမှူး၍ လာမည့် ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ တတိယအကြိမ်မြောက် မြန်မာ့အိမ်ခြံမြေဆုပေးပွဲတွင် အိမ်ခြံမြေဆိုင်ရာဆုပေါင်း ၁၈ မျိုးပေးသွားမည်ဖြစ်ပြီး ဆန်ကာတင်စာရင်းတွင် ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၁၂

Business News

အငှားအိမ်ရာများကို ပြန်လည်ငှားရမ်းခြင်း၊ ရောင်းချခြင်းများကို အရေးယူမည်

မန္တလေးမြို့အနောက်ဘက်ကမ်းနားလမ်းရှိ အငှားအိမ်ရာများကို နေထိုင်ခွင့်ရရှိထားသူများအနေဖြင့် တစ်ဆင့်ပြန်လည်ငှားရမ်းခြင်းနှင့် ပြန်လည်ရောင်းချခြင်းလုပ်ငန်းများကို ဆောင်ရွက်ပါက အရေးယူသွားမည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။ ကမ်းနားလမ်းရှိ အငှားအိမ်ရာများတွင် တိုက်ခန်းငှားရမ်းနေထိုင်သူများသည် စာချုပ်ပါစည်းကမ်းအတိုင်း လိုက်နာခြင်းမရှိသည်ကို တွေ့ရှိနေရကြောင်း အောင်မြေသာဇံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ဦးက ပြောသည်။ “အငှားအိမ်ရာငှားရမ်းခြင်းစာချုပ်မှာ လစဉ်ငှားရမ်းခတွေကို ပုံမှန်ပေးသွင်းဖို့နဲ့ တစ်ဆင့်ငှားရမ်းလွှဲပြောင်းခြင်းမပြုလုပ်ဖို့ တားမြစ်ထားပါတယ်။

Car News

၉၅ မော်ဒယ်အောက် ဘတ်စ်ကားများကို ကားသစ်များဖြင့် အစားထိုးလဲလှယ်မည်

၁၉၉၅ မော်ဒယ်အောက်ဘတ်စ်ကားများကို လာမည့် ဇွန်လ ၂၀ ရက်နေ့တွင် နောက်ဆုံးထားဖယ်ရှားမည်ဖြစ်ပြီး ယင်းကားများကို ၂၀၁၇ ခုနှစ်ထုတ် ကားသစ်များဖြင့် အစားထိုးလဲလှယ်ပေးရန် စီစဉ်ထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ဒေါက်တာ မောင်အောင်က ပြောသည်။ ၁၉၉၅ မော်ဒယ်ကားဟောင်းများအစား ၂၀၁၇ ခုနှစ်ထုတ် Yutong နှင့်

ကားစလစ်ဈေးနှုန်းများ အနည်းငယ်ကျဆင်းလာ

ပြည်တွင်းကားဈေးကွက်၌ စလစ်ဈေးနှုန်းများသည် ယခင်က ကျပ်သိန်း ၁၀၀ ကျော် ရှိသော်လည်း ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့မှ စတင်၍ ကျပ် ၉၂ သိန်းကျော်ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းလာကြောင်း ကားအရောင်းအ၀ယ် ပြုလုပ်သူများထံမှ သိရသည်။ ကားအရောင်းပြခန်းများတွင် အိမ်စီးစလစ်ဖြင့် ကားဝယ်ယူပါက ရန်ကုန်လိုင်စင်ရရှိမည် ဆိုသော သတ်မှတ်ချက်ကြောင့်

Top